ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။
ဧ၀ံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။
ကုသိုလ်ပန်းကုံး နေ့တိုင်းကုံး
ပန်းကုံးကျွမ်းကျင်တဲ့သူဟာ
ပန်းပေါင်းစုံတဲ့ ပန်းပုံကြီးထဲက
ပန်းတွေနဲ့
ပန်းကုံးလှလှလေးတွေ
အမျိုးအစားစုံလင်စွာ
အရေအတွက် များပြားစွာ
သီကုံးပြုလုပ်ရပါတယ်။
အဲဒီလိုပါပဲ....
လူရယ်လို့ ဖြစ်တည်လာသူတိုင်း
တစ်နေ့ ဧကန်မုချ
သေဆုံးရမှာဖြစ်လို့
မသေခင်အချိန်လေးမှာ
ကုသိုလ်ကောင်းမှုတွေကို
အမျိုးအစားစုံလင်စွာ
အရေအတွက် များပြားစွာ
မပြုမဖြစ်
ပြုကိုပြုကြရပါမယ်။
No comments:
Post a Comment