န ပုပ္ဖဂန္ဓော ပဋိဝါတမေတိ၊
န စန္ဒနံ တဂရမလ္လိကာ ၀ါ။
သတဉ္စ ဂန္ဓော ပဋိဝါတမေတိ၊
သဗ္ဗာ ဒိသာ သပ္ပုရိသော ပ၀ါယတိ။
လေညာဆန်တာ သူတော်ကောင်းဂုဏ်
ပန်းတွေရဲ့ ရနံ့ဟာ
လေညာအရပ်ကို
ဘယ်တော့မှ မရောက်ပါဘူး။
စန္ဒကူးရနံ့ပဲဖြစ်ဖြစ်
တောင်ဇလပ်ပန်းရနံ့
ကြက်ရုန်းပန်းရနံ့ပဲဖြစ်ဖြစ်
ဘယ်မွှေးရနံ့မှ
လေညာဆန်ရိုး မရှိပါဘူး။
သူတော်ကောင်းပုဂ္ဂိုလ်တွေရဲ့
ကိုယ်ကျင့်သီလရနံ့
သူတော်ကောင်းအလေ့အထ ရနံ့တွေကတော့
လေညာအရပ်ထိတိုင်
ဆန်တက်ရောက်ရှိနိုင်ပါတယ်။
သူတော်ကောင်းပုဂ္ဂိုလ်ဟာ
လေအောက်လေညာ
အရပ်မျက်နှာအားလုံးမှာ
ဂုဏ်သတင်းပျံ့သင်းမွှေးကြိုင်ပါတယ်။
No comments:
Post a Comment