ပုတ္တာ မ'တ္ထိ ဓနံ မ'တ္ထိ၊ ဣတိ ဗာလော ၀ိဟညတိ။
အတ္တာ ဟိ အတ္တနော နတ္ထိ၊ ကုတော ပုတ္တာ ကုတော ဓနံ။
သူတို့လား အားကိုးစရာ
ငါ့မှာ.... သားသမီးတွေ
အားကိုးစရာရှိတယ်၊
ငါ့မှာ... ပစ္စည်းဥစ္စာတွေ
အားကိုးစရာရှိတယ်၊
အဲဒီလို ကြံတွေးစွဲလမ်းရင်းနဲ့ပဲ
လူမိုက်ပုဂ္ဂိုလ်ဟာ
သားသမီး၊ ပစ္စည်းဥစ္စာတွေကြောင့်
အကြီးအကျယ်
စိတ်ပင်ပန်းဆင်းရဲနေရပါတယ်။
အမှန်တကယ်ဆို
ကိုယ်ကိုယ်တိုင်တောင်မှ
တကယ့်အရေးတကယ့်ဘေးမှာ
ကိုယ့်ရဲ့အားကိုးရာ
ဖြစ်နိုင်တာမှ မဟုတ်ဘဲ....
သားသမီးတွေကို
ဘယ်မှာအားကိုးလို့ ရပါ့မလဲ။
ပစ္စည်းဥစ္စာတွေကို
ဘယ်မှာအားကိုးလို့ ရပါ့မလဲ။
No comments:
Post a Comment