မုဟုတ္တမပိ စေ ၀ိညူ၊ ပဏ္ဍိတံ ပယိရုပါသတိ။
ခိပ္ပံ ဓမ္မံ ၀ိဇာနာတိ၊ ဇိဝှါ သူပရသံ ယထာ။
လျှာလိုလူ
ပင်ကိုအသိတရား
အပြည့်အ၀ရှိတဲ့
လူလိမ္မာပုဂ္ဂိုလ်ဟာ
ပညာရှိသူတော်ကောင်းရဲ့
အနီးအပါးမှာ
ခေတ္တခဏသာ
ချဉ်းကပ်နေထိုင်ခွင့်
ရတယ်ထားဦးတော့....
သူတော်ကောင်းတရားကို
အလျင်အမြန်
သိနိုင်ပါတယ်။
အကြည်ဓာတ်မချို့ယွင်းတဲ့
လျှာဟာ
မိမိပေါ်တင်လာသမျှ
ဟင်းတိုင်းဟင်းတိုင်းရဲ့
အရသာအားလုံးကို
ခွဲခွဲခြားခြား
သိနိုင်သလိုပါပဲ။
No comments:
Post a Comment