Tuesday, September 14, 2010

ဓမ္မပဒဂါထာ (၆၈)

တဉ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။
ယဿ ပတီတော သုမနော၊ ၀ိပါကံ ပဋိသေ၀တိ။

အေးရာအေးကြောင်း အမြဲလုပ်
အလုပ်တစ်ခုကို လုပ်လိုက်လို့
လုပ်ပြီးတဲ့နောက်ပိုင်းမှာ
သတိရတိုင်း သတိရတိုင်း
နောင်တတရားတွေနဲ့
ပူလောင်ပင်ပန်းရခြင်း
လုံးဝမရှိဘူးဆိုရင်
အဲဒီအလုပ်မျိုးကို လုပ်တာဟာ
သိပ်ကောင်းပါတယ်။
အလုပ်တစ်ခုရဲ့
အကျိုးတရားကို
နှစ်သက်ရွှင်လန်းစွာ
ဝမ်းမြောက်ကြည်နူးစွာ
ချမ်းချမ်းသာသာ
ခံစားရတယ်ဆိုရင်
အဲဒီအလုပ်မျိုးဟာ
မလုပ်မဖြစ်လုပ်သင့်တဲ့
အလုပ်ပါပဲ။

No comments:

Post a Comment