န ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇုခီရံဝ မုစ္စတိ။
ဍဟန္တံ ဗာလမနွေတိ၊ ဘသ္မစ္ဆန္နောဝ ပါဝကော။
အချိန်တန်ရင် အကျိုးပေးမယ်
အခုလောလောဆယ်
ညှစ်ထားတဲ့နို့ရည်ဟာ
ပင်ကိုသဘာဝကနေ
ရုတ်တရက်ချက်ချင်းကြီး
ပြောင်းလဲမသွားသလို...
ချက်ချင်းချဉ်သွားတာမျိုး မဖြစ်သလို...
အခုလောလောဆယ်ပြုထားတဲ့
မကောင်းမှုအကုသိုလ်ကံဟာလည်း
ချက်ချင်းလက်ငင်းကြီး
အကျိုးမပေးသေးပါဘူး။
ဒါပေမယ့်.... ပြာဖုံးနေတဲ့မီးခဲဟာ
နင်းလာသူကို ပူလောင်စေသလို
အဲဒီ မကောင်းမှုအကုသိုလ်ကံကလည်း
ကံပြုသူလူမိုက်ရဲ့နောက်ကို
ဒုက္ခအပူမီးတွေနဲ့
လောင်ကျွမ်းအောင် ရှို့မြှိုက်ရင်း
အစဉ်တစိုက် လိုက်ပါနေပါတယ်။
No comments:
Post a Comment