အကျိုးရှိရှိ နေသွားကြစမ်းပါ
အခုလူတွေက ဒီအလှ အချော ပညာတတ် အမျိုးမြတ်ဆိုတဲ့ လေးမျိုးလုံး ရှိရှိ မရှိရှိ အကြွားအမော်နဲ့ မာနတွေကို မချကြဘူး။ ဒီတော့ "ခွေးရူးကောင်းစား တစ်မွန်းတည့်" ဆိုတာလို ဖြစ်သွားကုန်တာပေါ့။ ကောင်းတဲ့ဘ၀မှန်း မသိကြဘူး။ ဘ၀ရိက္ခာ မစုဆောင်းတတ်ကြဘူး။ လောကကြီးထဲမှာ နေတဲ့အခိုက် အကျိုးရှိရှိ နေသွားကြစမ်းပါ။ ဘ၀မြင့်တက်လာအောင် ပြုပြင်ကြပါ။ စွမ်းအားရှိသမျှ ဒါနကို ဆည်းပူး၊ သီလကို ဆောက်တည်၊ ဘာဝနာရိက္ခာကို များများစုသွားကြစမ်းပါ။ အလောင်းတော်ကြီးများကို ကြည့်ပြီး အတုယူကြစမ်းပါ။
ယခုအထိ မရပ်ကြသေးဘူး
"ပြဒါး သေ တစ်ဆွေ ၀၊ သံ သေ တစ်ပြည် ၀" ဆိုပြီး ရှင်မထီးနဲ့ ရှင်အဇ္ဇဂေါဏတို့က လုပ်ပြလိုက်ပြန်တော့ ဘာမျှ ယူစရာမရှိအောင် ဖြစ်ကြရတော့တာပေါ့။ "ရွှေတောင် ဖြစ်နေကြမှတော့" ဆိုပြီး လူတွေဟာ မော်ကြွားဝတ်စား ဘုရားတည် ဒါနပြုလာခဲ့ကြတာ၊ အဲဒီခေတ်ကစပြီး ဒါန ဦးကျိုးလာခဲ့တာ ယခုအထိ မရပ်ကြသေးဘူး။
သွားပြီ အ၀ီဝိ
ဘုန်းကြီးရော လူရောပါပဲ၊ မလှူလို့ ငရဲ မရောက်ဘူး၊ သီလ မလုံလျှင်တော့ သွားပြီ အ၀ီစိ။
No comments:
Post a Comment