ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ ပဏ္ဍိတာ။
ကိုယ့်ဘ၀ကိုယ် ပုံသွင်းပါ
မြောင်းသွယ်သမားတွေက
မြောင်းတူးပြီး
လိုချင်တဲ့နေရာအရောက်
ရေကို ဆောင်ယူကြပါတယ်။
မြားလုပ်သမားတွေက
အပူပေးပြီး
ကောက်နေတဲ့မြားကို
ဖြောင့်အောင် ပြုလုပ်ကြပါတယ်။
သစ်ရွေသမားတွေက
သစ်အကြမ်းထည်ကို
ဖြတ်တောက်ခုတ်ရွေပြီး
ကိုယ်လိုရာ ပုံသွင်းကြပါတယ်။
အသိဉာဏ်သမားတွေက
ဒါတွေကို နမူနာယူပြီး
ယဉ်ကျေးလိမ္မာအောင်
ကိုယ့်ကိုယ်ကိုယ် ဆုံးမကြပါတယ်။
No comments:
Post a Comment