စံနမူနာပြ
သူများကို ဆုံးမဖို့ဆိုတာ ကိုယ်တိုင်ကလည်း စည်းကမ်းရှိရတယ်။ ဆရာသမား မိဘများက တပည့် သားသမီးများကို ဆုံးမလို့ မရဘူးဆိုတာ ကိုယ်တိုင် ဆုံးမတဲ့အတိုင်း မနေလို့ပဲ။ ကိုယ့်ဘက်က ဘာမျှချို့ယွင်းချက် မရှိစေရဘူး။ စံနမူနာပြ လိုက်နာကျင့်သုံးပြရမှာ။ သူများကိုတော့ ပြောပြီး ကိုယ်က မလိုက်နာဘူးဆိုလျှင် ဘယ်ဟုတ်လိမ့်မလဲ။ ဒါတွေ အရေးကြီးတယ်။
ရင့်မှ မှည့်တဲ့အသီး
အလုပ်တစ်ခုကို အောင်မြင်ဖို့အတွက် ဖြည်းဖြည်းနဲ့ ဇွဲရှိရပါတယ်။ ဒါမှလည်း ကြာရှည်ခံပါတယ်။ ရင့်မှ မှည့်တဲ့အသီးဟာ ချိုသလိုပေါ့။
အောင်မြင်လာကြရစမြဲပါပဲ
ကိုယ့်ရဲ့အစွမ်းအစကို စနစ်တကျ ဖော်ထုတ်အသုံးပြု၊ ဇွဲနဲ့ကြိုးစားလျှင် သတိ၊ ၀ီရိယ၊ ဉာဏ်ပညာတို့နဲ့ တွဲဖက်ပြီး အသုံးပြုလျှင် တစ်ချိန်မှာ အောင်မြင်လာကြရစမြဲပါပဲ။
No comments:
Post a Comment