နိုင်ငံသားတိုင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အလုပ်လုပ်ကိုင်နိုင်ခွင့်အတွက် မက်လုံး၊ အခွင့်အလမ်း၊ အာမခံချက်များ စီစဉ်ပေးနိုင်သည့်နေ့သည် နိုင်ငံသားတိုင်း ၀င်ငွေတိုး ပန်းတိုင်ရောက်ပြီး နိုင်ငံတော်လည်း ပန်းတိုင်ရောက်မည့်နေ့ ဖြစ်ပါသည်။
ယခုရွေးကောက်ပွဲသည် အဆိုပါ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းအတည်ပြုပေးမည့် လွှတ်တော်များအတွက် ရွေးကောက်ပွဲဖြစ်ရာ နိုင်ငံသားတိုင်း အလွယ်တကူ စီးပွားရှာခွင့်ကို အဆုံးအဖြတ်ပေးမည့် ဥပဒေပြုအဖွဲ့အစည်း ပေါ်ပေါက်ရေးအတွက် အရေးကြီးပါသည်။
ထိုလွှတ်တော်ထဲတွင် နိုင်ငံသားတိုင်း ကြီးပွားချမ်းသာစေချင်သော စေတနာရှိသူ အလုံအလောက် ရောက်ရှိနေခဲ့လျှင် နိုင်ငံသားတိုင်း ၀င်ငွေတိုးရေးသည် ဖြစ်နိုင်ခြေ ရှိပါသည်။
ဤကိစ္စ ဖြစ်မြောက်ရေးသည် နိုဝင်ဘာလ ၇ ရက်နေ့တွင် "ပြည်သူလူထုက မည်သို့ပြုမူသနည်း" ဆိုသော အချက်တွင် မူတည်နေပါကြောင်း အထူးဖော်ပြလိုပါသည်။
အယ်ဒီတာ (၂၂-၉-၂၀၁၀)
No comments:
Post a Comment