Wednesday, September 08, 2010

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်

အထက်တန်းရောက်နေလျှင်
အလုပ်တစ်ခုလုပ်လျှင် ကောင်းမကောင်း စိစစ်ပြီး ပြုပြင်လိုက်ကြစမ်းပါ။ သူများကို မနာလိုဝန်တိုဖို့လည်း မလိုဘူး။ အဲဒီစိတ်တွေဖြစ်လျှင် ကိုယ်သာဆင်းရဲရတယ်။ အပြောခံရသူမှာတော့ ဘာမှမဖြစ်ပါဘူး။ ကိုယ်က အထက်တန်းရောက်နေလျှင် စိတ်ကောင်းလည်း ရှိရတယ်။ အပြောလည်း ခံရမယ်၊ သို့မဟုတ်လျှင် ပြန်ကျသွားနိုင်တယ်။

ကိုယ်တော့ စိတ်အေးသွားရတာ အမှန်ပဲ
သူတော်ကောင်းဆိုတာ မတော်တာကို မတော်ဘူးလို့ ပြောပါ။ စိတ်ဆိုတာ ကောင်းတဲ့အာရုံ အမြဲထုံပေးနိုင်မှ တော်ကာကျတယ်။ သူများချမ်းသာတာကို "ချမ်းသာပါစေ" လို့ ၀မ်းမြောက်လိုက်လျှင် တစ်ဖက်သားမှာ ချမ်းသာတယ် မချမ်းသာဘူးတော့ မသိဘူး၊ ကိုယ်တော့ စိတ်အေးသွားရတာ အမှန်ပဲ။ ဆင်းရဲတဲ့သူနဲ့ တွေ့တော့လည်း ကရုဏာဖြစ်ရမယ်။ အရာရာမှာ မေတ္တာစိတ်ထားပြီး စိတ်ကောင်းထား သည်းခံဖြစ်နိုင်လျှင် အကောင်းဆုံးပဲ။

လျှော့ချမပစ်ကြပါနဲ့
မြင့်မြတ်တဲံလမ်းစဉ်အတိုင်း သွားနေပါလျက်နဲ့ နိမ့်ရာကိုတော့ မဆင်းချင်ကြပါနဲ့။ အကုသိုလ်ဖြစ်မယ့်နေရာကို ရှောင်ကြဉ်ပြီး ကုသိုလ်ဖြစ်မယ့်နေရာကို ရွေးတတ်ပါစေ။ ဒီဘ၀ရဲ့ အခြေအနေကို မပျက်စေဘဲ နောင်ဘ၀တွေအတွက် ဒါထက်ကောင်းတဲ့သူဖြစ်အောင် ကြိုးစားကြစမ်းပါ။ ကိုယ့်ရဲ့ ကံ ဉာဏ် ၀ီရိယ ကို လျှော့ချမပစ်ကြပါနဲ့။

No comments:

Post a Comment