Tuesday, September 07, 2010

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်

ရေပြင်ကြီးလိုပေါ့
မေတ္တာပို့တယ်ဆိုတာ သားတစ်ယောက်သာရှိတဲ့ မိခင်က ဒီသားလေးအပေါ်မှာ မေတ္တာစိတ်ရှိတဲ့ မျက်လုံးနဲ့ အမြဲမပြတ် မျက်စိအောက်က အပျောက်မခံ စောင့်ရှောက်နေသလိုတဲ့။ သတ္တ၀ါအားလုံးရဲ့အပေါ်မှာ မိမိချမ်းသာသလို တစ်တန်းတည်းထားပြီး ချမ်းသာစေလိုတဲ့စိတ်ထား အမြဲရှိစေရမယ်။

"တစ်တန်းတည်းထား" ဆိုတာ ဥပမာပြောရလျှင် ရေပြင်ကြီးလိုပေါ့။ ရေပြင်ကြီးတစ်ခုဟာ လူကောင်းတစ်ယောက် လာချိုးလည်း အချိုးခံတယ်။ အနူကြီးတစ်ယောက် လာပြီး ဆင်းချိုးလည်း အချိုးခံတာပဲ။ ဆင်းရဲသား လာချိုးလည်း ဒီအတိုင်းပဲ။ ဘယ်သူ့ကိုမျှ ပိုပြီး အေးမပေးပါဘူး။ တစ်တန်းတည်းထားပြီး အေးပေးလိုက်တာပဲ၊ အဲဒီအတိုင်းပဲပေါ့။

အောင်မြင်လာကြရစမြဲပါပဲ
ကိုယ့်ရဲ့အစွမ်းအစကို စနစ်တကျ ဖော်ထုတ်အသုံးပြု၊ ဇွဲနဲ့ကြိုးစားလျှင် သတိ၊ ၀ီရိယ၊ ဉာဏ်ပညာတို့နဲ့ တွဲဖက်ပြီး အသုံးပြုလျှင် တစ်ချိန်မှာ အောင်မြင်လာကြရစမြဲပါပဲ။

No comments:

Post a Comment