Thursday, September 02, 2010

ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ ဆုံးမစာ

သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီးမလောင်။
တုတ်လက်နက်ကိုင်ဆောင်လျှင် ခွေးဟောင်သည်။

ရန်သူကို မီးခဲနှင့်ပစ်လျှင် မိမိလက်ကိုသာ ရှေးဦးစွာ လောင်၏။
ရန်သူကို အမျက်ထွက်လျှင် မိမိဂုဏ် ဦးစွာပျက်၏။

ရန်သူလာဆဲ၍ ပြန်ဆဲလျှင် မိမိလည်း အရှက်ကွဲ၏။
စိတ်ဆိုး၍ မတော်မလျော်ပြလျှင် မြင်သူအရှက်မကွဲ၊ ပြသူသာ အရှက်ရသည်။

ဆေးဆရာသည် လူမမာနှင့်ပြိုင်၍ အသက်မထွက်ကောင်း။
အကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မ၀တ်ကောင်း။
သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသ မထွက်ကောင်း။

No comments:

Post a Comment