Thursday, October 07, 2010

ဓမ္မပဒဂါထာ (၈၉)

ယေသံ သမ္ဗောဓိယင်္ဂေသု၊ သမ္မာ စိတ္တံ သုဘာဝိတံ။
အာဒါနပဋိနိဿဂ္ဂေ၊ အနုပါဒါယ ယေ ရတာ။
ခီဏာသ၀ါ ဇုတိမန္တော၊ တေ လောကေ ပရိနိဗ္ဗုတာ။

ငြိမ်းအေးချင်ရင် ဗောဗ္ဈင်ပွား
မဂ်ဉာဏ်ရဲ့ အကြောင်းဖြစ်တဲ့
ဗောဇ္ဈင်တရားတွေကို
နည်းမှန်လမ်းမှန်
ပွားများအားထုတ်နေတဲ့
ဝိပဿနာစိတ်ပိုင်ရှင်
ပညာရှိသူတော်ကောင်းတွေဟာ
သက်ရှိသက်မဲ့
ဘယ်အရာကိုမှ
ငြိမ်ကပ်တပ်မက်မှု
မှားယွင်းထင်မြင်မှုတွေနဲ့
မစွဲလမ်းကြတော့ဘဲ
စွဲလမ်းမှုတို့ရဲ့
စွန့်လွှတ်ရာနေရာ
နိဗ္ဗာန်ချမ်းသာမှာပဲ
မွေ့လျော်ပျော်ပိုက်ကြပါတယ်။

No comments:

Post a Comment