သဟဿမပိ စေ ၀ါစာ၊ အနတ္ထပဒသံဟိတာ။
ဧကံ အတ္ထပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။
တစ်ခွန်းဆိုတစ်ခွန်း ငြိမ်းအေးပါစေ
အကျိုးမရှိတဲ့
စကားလုံးတွေနဲ့
ဖွဲ့စည်းတည်ဆောက်ထားတဲ့
စကားရပ်တွေ
အခွန်းပေါင်းတစ်ထောင်
ရှိနေပါစေ....
လုံးဝ မမြတ်ပါဘူး။
ကြားလိုက်ရတာနဲ့
စိတ်ထဲမှာ
ကိလေသာငြိမ်းအေးသွားစေတဲ့ စကားမျိုး၊
အကျိုးရှိတဲ့ စကားမျိုးကတော့
တစ်ခွန်းတည်းဖြစ်ပါစေ...
မြင့်မြတ်လှပါတယ်။
No comments:
Post a Comment