အတ္တာ ဟဝေ ဇိတံ သေယျော။
ယာ စာယံ ဣတရာ ပဇာ။
အတ္တဒန္တဿ ပေါသဿ၊ နိစ္စံ သညတစာရိနော။
နေ၀ ဒေဝေါ န ဂန္ဓဗ္ဗော၊ န မာရော သဟ ဗြဟ္မုနာ။
ဇိတံ အပဇိတံ ကယိရာ၊ တထာရူပဿ ဇန္တုနော။
ပြန်မရှုံးမှ တကယ့်အနိုင်
ကိုယ်တွင်းကိလေသာကို
အောင်နိုင်သောအားဖြင့်
မိမိကိုယ်မိမိ
အောင်နိုင်ခြင်းက
မြင့်မြတ်ပါတယ်။
လောင်းတမ်းကစားခြင်း
ခိုးယူခြင်း
စစ်တိုက်ခြင်း
အင်အားသုံးလွှမ်းမိုးခြင်း
စတဲ့ နည်းလမ်းတွေနဲ့
သူတစ်ပါးကို
အောင်နိုင်ခြင်းကတော့
လုံးဝ မမြတ်ပါဘူး။
ဘာလို့လဲဆိုတော့…
မိမိကိုယ်မိမိ ဆုံးမပြီးသူ၊
ကိုယ်နှုတ်နှလုံး သုံးပါးလုံးကို
အမြဲစောင့်စည်းကျင့်သုံးသူ၊
ကိလေသာကင်းသူ
အဲဒီလိုလူရဲ့
ကိုယ့်ကိုယ်ကို
အောင်နိုင်ခြင်းကို
နတ်တွေ
ဂန္ဓဗ္ဗနတ်တွေကလည်း
ရှုံးအောင် ပြန်မလုပ်နိုင်သလို
ဗြဟ္မာတွေနဲ့တကွ
မာရ်နတ်ကလည်း
ရှုံးအောင် ပြန်မလုပ်နိုင်ပါဘူး။
သူတစ်ပါးကို
အောင်နိုင်ခြင်းကတော့
သူတစ်ပါးက
ရှုံးအောင် ပြန်လုပ်နိုင်ပါတယ်။
No comments:
Post a Comment