နိုင်ငံခြားကိုမှ အထင်ကြီးချင်ကြတယ်
ဘုန်းကြီးတို့မှာလည်း စည်းကမ်းတွေက အပြည့်အစုံ ရှိပါတယ်။ စာထဲမှာ၊ ဘုရားဟော ကျမ်းစာတွေထဲမှာ အများကြီးပဲရှိတယ်။ ဒါပေမယ့် မလိုက်နာကြဘူး။ ကိုယ့်ရှိတဲ့ ယဉ်ကျေးမှုကို အထင်မကြီးကြဘူး၊ နိုင်ငံခြားကိုမှ အထင်ကြီးချင်ကြတယ်။ အဲဒါကစပြီး မှားနေတာပဲ။ ဒါတွေကို အကုန်လုံး ပြင်ကြရမှာ။ ဒီလို ပြင်နိုင်ဖို့အတွက် တို့ဘုန်းကြီးတွေက ခေါင်းဆောင်နိုင်ကြမလားလို့ မျှော်လင့်နေတာ၊ မဟုတ်ကြဘူး။ သူတို့တွေက စိတ်ထားသေးသိမ်ကြတယ်။
ဒါတွေကြောင့် ဘုန်းကြီးက ပြောပြောနေတာ၊ "စိတ်ထားကို ကြီးကြီးထားကြစမ်းပါဟဲ့၊ ကျယ်ကျယ်ပြန့်ပြန့် ထားကြစမ်းပါဟဲ့၊ စည်းစနစ် ရှိကြစမ်းပါဟဲ့၊ လုံ့လ၀ီရိယ ရှိကြစမ်းပါဟဲ့" လို့။
သတိဆိုတဲ့ကြိုး
နွားဆိုးနွားမိုက်ကလေးနဲ့ တူတဲ့စိတ်ကို သတိဆိုတဲ့ ကြိုးနဲ့ချည်ပြီးတော့ ကမ္မဋ္ဌာန်းတိုင်မှာ တုပ်ထားကြပါ။ ပေါ့ပေါ့ချည် လျော့လျော့ချည်တယ်ဆိုရင်တော့ လွတ်လွတ်သွားနိုင်တယ်၊ မမေ့နဲ့ မလျော့နဲ့။
သူတို့က လိုက်နာကြတာကိုး
တို့မြန်မာတွေရဲ့အကျင့်က အချိန်ကို သိပ်ပြီး မလေးစားချင်ကြဘူး၊ ဒါကြောင့်လည်း ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ကြရတာပဲ။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ နိုင်ငံရေး အားလုံးအရေးတွေဟာ အကုန်နောက်ကျကျန်ရစ်တယ်။ ဒါလည်း အေးအေးဆေးဆေး နေကြတုန်းပဲ။ အများက ပြောကြတယ်၊ "အင်္ဂလိပ်တွေက သိပ်ပြီး စည်းကမ်းကြီးကြတာပဲ" တဲ့။ ဒါ ဆန်းတော့ မဆန်းပါဘူး။ စည်းကမ်းသတ်မှတ်တဲ့အတိုင်း သူတို့က လိုက်နာကြတာကိုး။
No comments:
Post a Comment