လူတို့သည် ဖြစ်ချင်တာတစ်ခုအတွက်ဆိုသော "လာရင်းကိစ္စ" ကို လမ်းခရီးတွင် မေ့သွားတတ်သောကြောင့် ဖြစ်ပါသည်။ နိုင်ငံတစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ အခြေခံအကြောင်းရင်းမှာ Good Governance ဖြစ်ပါသည်။ ရွေးကောက်ပွဲများဆိုသည်မှာ မည်သူသည် နိုင်ငံအတွက် Good Governance ကို ဆောင်ကြဉ်းနိုင်မည်နည်းဟု ရွေးချယ်ကြခြင်းဖြစ်သည်။ ပြည်သူများက မဲထည့်ကြခြင်းသည် Good Governance ကို ရည်စူး၍ မဲထည့်ကြခြင်း ဖြစ်သည်။
သို့သော်လည်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ သွေးဆူလာသောအခါများတွင် ဟိုဘက်ဒီဘက် သူ့ဘက်ငါ့ဘက် ဆိုသည်များကို Us Them ခွဲကြရင်း "လာရင်းကိစ္စ" ဖြစ်သည့် Governance အကြောင်းကို စဉ်းစားပြောဆိုဆွေးနွေးရန် မေ့သွားကြသည်ကို တွေ့ရသည်။ သူ့ဘက် ငါ့ဘက် ကိစ္စများက အရေးကြီးသွားပြီး Good Governance အကြောင်းကို မေ့သွားတတ်ကြသည်ကို တွေ့ရသည်။ ကြာလာသောအခါ Good Governance အကြောင်းကို တွေးပင်မတွေးမိတော့ဘဲ ကိုယ်နို်င်ရေး သူနိုင်ရေး ကိစ္စများ ပို၍ အရေးကြီးလာသည်ကို တွေ့ရသည်။
"လာရင်းကိစ္စ" ကို အုပ်စုကိစ္စ Us Them ကိစ္စနှင့် ခွဲခြားစဉ်းစားနိုင်ခြင်း ပြုနိုင်မှသာလျှင် မြန်မာနိုင်ငံတွင် တည်ဆောက်ရန်ရှိသည့် နိုင်ငံတော်သစ်ဆိုသည်မှာ ထူးခြားမှု ရှိလိမ့်မည်ဟု ဆိုချင်ပါသည်။
(၂၅-၂-၂၀၀၉)
No comments:
Post a Comment