နာမ်ပိုင်းဆိုင်ရာ တိုးတက်မှုမပါရင်
ယခု ကမ္ဘာကြီးမှာ တိုးတက်နေတယ်ဆိုတော့ အများက သဘောကျသလိုလိုပါပဲ။ တိုးတက်တယ်ဆိုပေမယ့် အ၀တ်အစား အနေအထိုင် အသုံးအဆောင်တွေဘက်မှာသာ တိုးတက်နေတာပါ။ သူတော်ကောင်းတရားဘက်ကျတော့ မတိုးတက်ပါဘူး။ ဒီတိုးတက်မှုတွေက ကြာရှည်လည်း မခံပါဘူး။ ယခုလို ရုပ်ဝတ္ထုတစ်ဖက်တည်း တိုးတက်နေပြီးတော့ အကျင့်စာရိတ္တဆိတဲု့ နာမ်ပိုင်းဆိုင်ရာ တိုးတက်မှုမပါရင် ဘယ်လောက် ချမ်းသာချမ်းသာ စိတ်ရဲ့ ငြိမ်းချမ်းမှု ဆိုတာကတော့ မရနိုင်ပါဘူး။
ဒလဟော ဆင်းလာနိုင်
ရှေးကံဆိုတာ ဘယ်လိုမှန်း မသိနိုင်ဘူး။ ရှေးကံပါလျက်သားနဲ့ ယခုပစ္စုပ္ပန်ကံတွေနဲ့ ပင့်မပေးနိုင်ဘူးဆိုရင်လည်း အလကားပဲ။ အကျိုးဖြစ်ထွန်း မလာနိုင်ဘူး။ ရှေးကံကိုချည်း အားကိုးနေလို့ မရဘူး။ ယခုဘ၀ ပစ္စုပ္ပန်ကံတွေနဲ့ ရေလာမြောင်းပေး လုပ်ထားမှ ရှေးကံတွေ အကျိုးပေးဖို့ ဒလဟော ဆင်းလာနိုင်တာပဲ။
ပျာယာခတ်နေကြတာ
ရှေးခေတ်က ဘိုးတွေ ဘွားတွေ ဒီလောက် ပစ္စည်းဥစ္စာ မချမ်းသာကြပေမယ့် စိတ်ကျတော့ ချမ်းသာကြတယ်။ ဘာလို့လဲဆိုတော့ အ၀တ်အစား အနေအထိုင်တွေ မှန်မှန်လောက်ပဲ၊ သာမန်လောက်နဲ့ ကျေနပ်နိုင်ကြတယ်။ ဒီတော့ မေတ္တာတရားတွေ ထားနိုင်ကြတယ်။ စာရိတ္တတွေလည်း ပြည့်စုံနိုင်ကြတယ်။ အဲဒီအတွက် စိတ်ချမ်းသာနိုင်ကြတာ။
ယခုလူတွေမှာ အဲဒီအခြေအနေမျိုး မရှိကြတော့ဘူး။ အပြင်ပုံပန်းက ပျာယာခတ်နေကြတာပဲ။ ရှေးခေတ်က ကိုယ့်သားသမီး ဘယ်သွားသွား စိတ်ချရတယ်။
No comments:
Post a Comment