လုပ်ငန်းတာဝန်အရ ခရီးသွားရမှာမို့ အင်တာနက်စာမျက်နှာတွေနဲ့ ခေတ္တခဏ ကင်းကွာနေပါလိမ့်မယ်။ မြန်မာ့သွေးဘလော့ဂ်ကို ကာလတစ်ခုအထိ ပစ်ထားရပါလိမ့်မယ်။ ဒါပေမယ့်လည်း အဲဒီလို ပစ်ထားရမယ့် ကာလတွေအတွင်းမှာ လူမရှိ သူမရှိနဲ့ ပိုးအိမ်စွဲ၊ ဖုန်တက်၊ ခြောက်ကပ် မဖြစ်ရအောင် အတတ်နိုင်ဆုံး ပြင်ဆင်ထားခဲ့ပါတယ်။
အင်တာနက်သုံးလို့ရတာနဲ့ ဘလော့ဂ်အတွက် ပို့စ်တွေ တင်ပေးဖြစ်မှာ အသေအချာပါ။ ဒါပေမယ့် ကျွန်တော့်အတွေးတွေ၊ အတွေ့အကြုံတွေပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။ ဂျာနယ်တွေထဲကတော့ ထုတ်နုတ်တင်ပြနိုင်မယ် မထင်သေးပါဘူး။ ကျွန်တော်ကိုယ်တိုင်တောင် သွားရမယ့်နေရာမှာ ဂျာနယ်တွေ ဖတ်ရပါ့မလားဆိုတာ မသိသေးလို့ပါ။ ကျွန်တော်လည်း စာဖတ်သမားကနေ စာငတ်သမား ဖြစ်တော့မယ်ထင်ပါရဲ့။
မြန်မာ့သွေးဘလော့ဂ်ကို ပုံမှန်လာရောက်ဖတ်ရှုကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ရပါကြောင်းနဲ့ ယခင်ကလို မြန်မာ့သွေး ထမင်းဝိုင်းစားပွဲမှာ ဖွယ်ဖွယ်ရာရာ စုံစုံလင်လင် ဧည့်မခံနိုင်တဲ့အတွက် အားနာရပါကြောင်း တောင်းပန်လိုပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၁ ရက်၊ ကြာသပတေးနေ့။
ည ၁၀ နာရီ ၁၀ မိနစ်။
It's o.k U Nyan.I can wait n read.Have a nice trip.Take ur time.Gyidaw
ReplyDeleteWe are waiting your post. Thanks for everything in this blog
ReplyDeleteခင်ဗျားဘယ်နေရာပဲေ၇ာက်နေနေပါ ခင်ဗျားရောက်တဲ့ဒေသက ခင်ဗျားကိုပေးမယ့် အတွေ့အကြုံလေးတွေ ကို ခင်ဗျားဝေမျှ တတ်တာမို့ ခင်ဗျား အတွေ့အကြုံ တွေနဲ့ နေရာသစ် ကခံစားချက်တွေကို ဝေမျှ တဲ့အခါ အမြဲ အားပေးနေမယ့် စာဖတ်ပရိတ်သတ်မိတ်ဆွေတွေရှိနေတယ်ဆိုတာပါ ....
ReplyDeleteခင်ဗျားရောက်တဲ့ဒေသ ရောက်ရာနေရာမှာ ခင်ဗျားပျော်ရွှင်ကြည်နူး စွာ အဆင်ပြေချောမွေ့စွာ စာပေတွေနဲ့ အဆက်မပြတ် ရှိနေပါစေလို့ ဆုရှည်ရှည်ကြီးတောင်းပေးလိုက်ပါတယ်
ခင်မင်လျက်
Have a safe and nice trip, Ko Nyan :)
ReplyDeleteI like your posts.
I learn very much from your posts, which give me a lot of knowledge.
Thanks you so much for sharing.