Sunday, February 13, 2011

မှတ်မှတ်သားသား နိုင်ငံရေး အဆိုအမိန့်များ

ဒီမိုကရေစီကို ဤအတိုင်းထား၍ မရနိုင်။ ထက်မြက်သော ခေါင်းဆောင်တစ်ဦးက ရှေ့ဆောင်ရမည်။ ထိုသူကသာ ထိုးထွင်းတတ်သော အသိဉာဏ်နှင့် လမ်းမှန်ကို ရှေ့ဆောင်နိုင်မည်။ အစိုးရကောင်းဆိုသည်မှာ အသိဉာဏ် ပြည့်ဝသည့် အစိုးရသာ ဖြစ်ရမည်။ အသိဉာဏ် ကင်းမဲ့သော လူထုထဲ၌ အစိုးရကောင်း ရှာမတွေ့နိုင်။
သောမတ်စ်ကာလိုင်း

အစိုးရအဖွဲ့အစည်းတစ်ခု ဖြစ်လာရင် တွေဝေနေလို့ မရတော့ဘူး။ မူဝါဒတစ်ခုကို ရွေးချယ်ထားပြီးပြီဆိုတာနဲ့ ဘယ်တွေညာတွေ လှည့်ကြည့်မနေတော့ဘဲ ရှေ့တည့်တည့်ကိုသာ တိုးသွားလိုက်ပေတော့။
အော်တိုဗွန်ဘစ်မတ်စ်

ကောင်းသောအစိုးရ၏ လက်အောက်၌ နေထိုင်ရသော လူမျိုးသည် လွတ်လပ်ရေးကို ရှာရန်မလိုပေ။ ကောင်းသောအစိုးရထက် အဘယ်မှာ မွန်မြတ်သော လွတ်လပ်ရေးရှိအံ့နည်း။
ဆာဝါလတာရလေး

[ဟိန်းဇေ ၏ သူတို့ပြောသည့် နိုင်ငံရေး စာအုပ်မှ]

No comments:

Post a Comment