Tuesday, January 15, 2013

ခြေနှစ်ချောင်းနှင့် နွား

ဘောဇနံ မေထုနံ နိဒ္ဒါ၊
ဂေါဏေ ပေါသေပိ ၀ိဇ္ဇတိ။
ဝိဇ္ဇာ ၀ိသေသော ပေါသဿ၊
တံ ဟီနော ဂေါသမော ဘဝေ။

အစာစားခြင်း၊ မေထုန်မှီဝဲခြင်း၊ အိပ်ခြင်း ဟူသော ဤအမှု သုံးမျိုးသည် နွားမှာလည်း ရှိ၏။ လူမှာလည်း ရှိ၏။
ထိုသို့ ရှိတာခြင်း တူနေကြရာတွင် လူသည် နွားနှင့် မတူဘဲ ထူးခြားနေနိုင်ခြင်းမှာ အတတ်ပညာကြောင့် ဖြစ်၏။
ထိုအတတ်ပညာ ချို့တဲ့နေပါက နွားနှင့် ထပ်တူသာ ဖြစ်နေပေလိမ့်မည်။

No comments:

Post a Comment