Friday, February 08, 2013

ကြွားချင်သူတို့ သတိပြု

မဏ္ဍုကေပိ ဥကြေ သီဟေ၊
ကာကဂ္ဂဟေ ပိယေ ပိယေ။
အပဏ္ဍိပိ ပဏ္ဍိ ဟုတွာ၊
ဓိရာ ပုစ္ဆေ ငယေ ငယေ။

ဖားသူငယ်သည် ဆောင့်ကြောင့် ထိုင်တတ်ကာမျှဖြင့် ငါ ခြင်္သေ့ဟု ထင်နေတတ်၏။ သူ့ကို ကျီးချီသော အခါတွင်ကား ချစ်ဆွေ ချစ်ဆွေဟု အော်မြည်တတ်၏။

ပညာမရှိသောသူသည်လည်း ပညာရှိယောင် ဆောင်နေရာက တကယ့်ပညာရှင်က အမေးခံရသောအခါ ငါ့ရှင် ငါ့ရှင်ဟု ပြောဆိုတတ်၏။

No comments:

Post a Comment