Friday, March 22, 2013

အရည်အချင်းကို သိလိုသော်

ဇဝေန ဘဒြံ ဇာနန္တိ၊
ဗလိဗဒ္ဓဉ္စ ၀ါဟေန။
ဓုဟေန ဓေနုံ ဇာနန္တိ၊
ဘာသမာနေန ပဏ္ဍိတံ။

လျင်မြန်ခြင်းဖြင့် မြင်း၏ အရည်အချင်းကို သိနိုင်ကြ၏။
ဝန်ကို ထမ်းဆောင်သယ်ပိုးခြင်းဖြင့် နွား၏ အရည်အချင်းကို သိနိုင်ကြ၏။
နို့ထွက်ကောင်းခြင်းဖြင့် နို့စားနွားမ၏ အရည်အချင်းကို သိနိုင်ကြ၏။
ပြောဆိုသော စကားကို ထောက်ချင့်၍ ပညာရှိ၏ အရည်အချင်းကို သိနိုင်ကြ၏။

No comments:

Post a Comment