Sunday, April 07, 2013

လူမိုက် ပညာရှိ

ယော ဗာလော မညတိ ဗာလျံ၊
ပဏ္ဍိတောဝါပိ တေန သော။
ဗာလောဝ ပဏ္ဍိတမာနီ၊
သော ဝေ ဗာလောတိ ၀ုစ္စတိ။

လူမိုက်သည် မိမိ မိုက်မဲနေသည့် ဖြစ်အင်ကို သိမြင်၏။ ထိုသို့ သိမြင်ခြင်းကို အကြောင်းပြု၍ ထိုလူမိုက်ကို ပညာရှိဟူ၍ ပြော၍ ရနိုင်ပါ၏။
အခြားလူမိုက်တစ်ယောက်သည်ကား မိမိကိုယ်ကို တကယ့်ပညာရှိကြီးဟု မှတ်ထင်နေ၏။ ထိုကဲ့သို့သောသူကိုကား လူမိုက်စစ်စစ် ဟူ၍သာ ခေါ်ထိုက်ပေသည်။

No comments:

Post a Comment