Sunday, July 21, 2013

ဆိုတေးရဲ့ နောက်ထပ်မီးအိမ်တစ်လုံးလော

ဆိုတေးတစ်ယောက် အမြန်လမ်းမကြီးပေါ်မှာ ကားမတော်တဆ ဖြစ်ခဲ့တာကို အားလုံးအသိ ဖြစ်ပါလိမ့်မယ်။ ဂီတလောကသားတွေ၊ ပရိသတ်တွေရဲ့ သနားကရုဏာတွေကိုလည်း အပြည့်အ၀ ရရှိခဲ့ကြပါတယ်။ ကားပေါ်မှာ အတူပါလာတဲ့ ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အတွက်လည်း ပိုပြီးတော့ ၀မ်းနည်းခဲ့ကြရပါတယ်။ အရင်တုန်းက ဆိုတေးမှာ အိမ်ထောင်ရှိတယ်ဆိုတာ မသိခဲ့ကြပေမယ့်လည်း ကားမတော်တဆမှုမှာ ဆုံးပါးသွားတဲ့အတွက် သူ့ဇနီးအပေါ် ကရုဏာသက်ခဲ့ကြပါတယ်။ အသနားပိုခဲ့ကြပါတယ်။ ဆိုတေးလည်း ဆေးရုံပေါ်မှာ အခုအချိန်အထိ သတိမလည်သေးတဲ့အတွက် အားလုံးက စိုးရိမ်တကြီး စောင့်ကြည့်နေကြတာပါ။ ဆိုတေးရဲ့ ကားမတော်တဆမှု သတင်းတွေထွက်အပြီး နောက်ဆက်တွဲ လိုက်လာတဲ့ သတင်းတွေကတော့ စာဖတ်သူတွေကို ဝေေ၀၀ါးဝါး ဖြစ်စေခဲ့ရုံသာမက ဝေဖန်မှုတွေလည်း စီညံလာခဲ့ပါတယ်။ အစကတော့ သူ့ဟာသူ စွပ်စွဲတာ ပြောဆိုတာလို့ပဲ သဘောထားခဲ့တဲ့အတွက် အင်တာနက်ပေါ် တက်လာသမျှ သတင်းတွေကို မတင်ပေးခဲ့ဖြစ်ပါဘူး။ စောင့်ကြည့်နေခဲ့တာပါ။ အခုတော့ သတင်းစာတွေပေါ်အထိ တရားဝင် ကြော်ငြာတာတွေ၊ မီဒီယာရှင်းလင်းပွဲ လုပ်တာတွေအထိ လုပ်လာပြီဖြစ်တဲ့အတွက် ဖော်ပြသင့်ပြီလို့ ယူဆဲ့အတွက် ဖော်ပြလိုက်ပါတယ်။ မှားသည်၊ မှန်သည်၊ ဘယ်သို့၊ ဘယ်ပုံ မသုံးသပ်၊ မဝေဖန်ဘဲ မြင်ရ၊ ကြားရသမျှကို ပြန်လည်စုစည်း ဖော်ပြပေးလိုက်ပါတယ်။














1 comment:

  1. Anonymous1:46 PM

    ဒီ ဆိုတေး ကိစ္စကလည်း
    ရှုပ်လည်း ရှုပ်ပါ့ကွာ။
    ဒါသာ အဖြစ်မှန်ဆိုရင်ပေါ့လေ။
    သေသေချာချာရေရေရာရာမသိပဲနဲ့တော့
    ဘာမှ မှတ်ချက်မချလိုပါဘူး။
    ကာယကံရှင်ကိုယ်တိုင်က
    အသက်လုနေရတာဆိုတော့။
    ဒီအမျိုးသမီးပြောသလို
    ဆိုတေး သတိရလာရင်တော့
    ရှင်းသွားမယ်ထင်ပါတယ်။
    ကြည့်ရတာတော့
    ဆိုတေးကလည်း တွေ့ရာအိုင် လျှောက်ခြေဆေးမိပုံရပြီး
    ဒီအမျိုးသမီးကလည်း ပွဲလန့်တုန်း ဖျာခင်းသလားပေါ့။
    တော်တော်ဆိုးတဲ့ ဆိုးတေး တော့ မဖြစ်စေချင်ပါဘူး။
    သူ့အနုပညာကိုတော့ လေးစားလို့ပါ။
    ( အညာသား )

    ReplyDelete