ငှက်ပိတုန်းများသည် နောက်ပြန် ပျံနိုင်သည့် တစ်ခုတည်းသော သတ္တ၀ါဖြစ်သည်။
ပြေးနိုင်သည့် ခြေခြောက်ချောင်းပါ သတ္တ၀ါများတွင် ပိုးဟပ်သည် အမြန်ဆုံးဖြစ်သည်။ တစ်မီတာအကွာအဝေးကို တစ်စက္ကန့်နှင့်ရောက်နိုင်သည်။
နောက်သို့လှည့်ကြည့်စရာမလိုဘဲ မိမိနောက်ရှိအရာများကိုမြင်နိုင်သော သတ္တ၀ါ နှစ်မျိုးတည်းသာရှိသည်။ ယုန် နှင့် ကြက်တူရွေး ဖြစ်သည်။
အင်္ဂလိပ်ဘာသာစကားတွင် Almost ဆိုသော စကားလုံးသည် အက္ခရာအစဉ်လိုက်စာလုံးများပါဝင်သည့် အရှည်ဆုံး စကားလုံးဖြစ်သည်။
မြင်းကျားသည် အနက်စင်းများပါသည့် အဖြူရောင်မြင်းဖြစ်သည်။
အင်းဆက်ပိုးများသည် သူတို့၏အသံဖြင့် ဆူညံအောင်မပြုလုပ်နိုင်ပါ။ ပျား၊ ခြင် စသည့်အင်းဆက်များမှထွက်သော ဆူညံသံမှာ ၎င်းတို့၏ လျင်မြန်လှသည့် တောင်ပံခတ်မှုကြောင့် ဖြစ်သည်။
သင်၏ တံတောင်ဆစ်ကို ဘယ်သောအခါမှ အသံမြည်အောင် မချိုးနိုင်ချေ။
အံစာတုံးတစ်ခု၏ မည်သည့်ဆန့်ကျင်ဘက်နှစ်ဖက်ကို ပေါင်းသည်ဖြစ်စေ အမြဲတစေ ခုနစ် ရသည်။
ပုတ်သင်ညိုတစ်ကောင်၏ လျှာသည် ၎င်း၏ခန္ဓာကိုယ်ထက် နှစ်ဆခန့်ပိုရှည်လျားသည်။
ကုလားအုတ်တစ်ကောင် ရေမသောက်ဘဲနေနိုင်သည်ထက် ကြွက်တစ်ကောင်က ပို၍ ကြာအောင်နေနိုင်သည်။
ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၁၀% သည် ဘယ်သန်များဖြစ်ကြသည်။
No comments:
Post a Comment