မခိုင်ရွှန်းလဲ့ရည်ကို ခွဲစိတ်ခဲ့သော အထူးကုဆရာဝန်ကြီးသည် လုပ်မှားကိုင်မှား ဆုံးဖြတ်ချက်မှားခြင်း၊ လူနာလုံခြုံမှုအတွက် မခွဲစိတ်ခင်နှင့် ခွဲစိတ်ပြီး လုံလောက်သောဆောင်ရွက်မှု အားနည်းခြင်း၊ တာဝန်ယူမှုနှင့် တာဝန်ခံမှု အားနည်းကြောင်း စစ်ဆေးတွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံဆေးကောင်စီက အဆိုပါ ခွဲစိတ်ဆရာဝန်ကြီးကို ဆေးကုသခွင့်လိုင်စင် ငါးနှစ်ပိတ်ပင်လိုက်ကြောင်း၊ ရွှေဂုံတိုင်ဆေးကုခန်းကိုမူ လူနာရှင်များအပေါ် လုံခြုံစိတ်ချရပြီး အရည်အသွေးပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုစနစ် မရှိခဲ့သည့်အတွက် ပြင်းထန်စွာ သတိပေးရန်နှင့် လူနာရှင်ကို တောင်းပန်စေရန် ဆုံးဖြတ်ကြောင်း၊ အနာဂတ်တွင် ယင်းကဲ့သို့သော ဖြစ်စဉ်မျိုး မပေါ်ပေါက်စေရေး သတိပေးလိုက်သည်ဟု မြန်မာနိုင်ငံဆေးကောင်စီ တရားဝင်ထုတ်ပြန်ချက်က ဆိုသည်။
ထို့ပြင် ခွဲစိတ်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသော မေ့ဆေးဆရာဝန်၊ ပထမလက်ထောက်ခွဲစိတ်ဆရာဝန်၊၊ သမားတော်ကြီးများကိုလည်း ပြင်းထန်စွာ သတိပေးလိုက်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။
(The Voice Weekly ဂျာနယ် အတွဲ ၆၊ အမှတ် ၅ မှ ပြန်လည်ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment