ကမ္ဘာဦးက
လူရိုင်းခေတ်အစ၊ မိမိဆန္ဒ
ပြည့်ဝစေရန်၊ တိရစ္ဆာန်များ
သတ်ဖြတ်စားသောက်၊ ညလုံးပေါက်က
ခုန်ကြွမြူးပျော်၊ တေးဆိုအော်ဟစ်
ယဇ်ပူဇော်ပွဲ။
ဗုံသံနှဲသံ
ဆူညံပသ၊ သမိုင်းအစ
အစဉ်အလာများ၊ တိုးပွားလာခဲ့
ယနေ့ခေတ်မှာ၊ သည်သမိုင်းပါပဲ
မိမိဆန္ဒ၊ ဖြည့်ရာစနစ်
စစ်ပွဲများစွာ၊ ဖြေရှင်းရာပါပဲ
ယဇ်ပူဇော်ပွဲပဲ မဟုတ်ပါလား။
ငါ၏ဒဿနမှာ
ငြိမ်းချမ်းရေးမှ၊ စီးဖြာကျလာ
အချစ်ငြိမ်းချမ်းရေး၊ ယဉ်ကျေးလှပ
ကမ္ဘာ့ငြိမ်းချမ်းရေး မဟုတ်ပါလား။
No comments:
Post a Comment