ညိုပြာပြာ လတာပြင်ခြေရင်း၊
လှိုင်းတက်ရာဗေဒါတက်၊ လှိုင်းသက်ရာဆင်း။
ဆင်းရလည်း မသက်သာ၊
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေသူ့နံဘေး၊ ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လည်း မသက်သာ၊
နောက်တစ်ချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ့၊
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ၊
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။
ပေါ်ပြန်လည်း မသက်သာ၊
ချောင်းဆွယ် မြောင်းငယ်ထဲက
ဘဲထွက်လို့လာ၊
ဘဲအုပ်မှာ တစ်ရာ နှစ်ရာ
ဗေဒါက တစ်ပင်ထဲ (တည်း)၊
အယက်အကန်ခံလို့
ဗေဒါပျံ အံကိုခဲ၊ ပန်းပန်လျက်ပဲ။
No comments:
Post a Comment