Thursday, March 18, 2010

နေ့စဉ်အသက်ရှင်နေထိုင်သူ

လူတစ်ဦးသည် ဘုရားဖူးအဖွဲ့နှင့် ဘုရားဖူးထွက်လာခဲ့ပါသည်။ သူတော်စင်ရသေ့တစ်ပါးကိုတွေ့ပြီး မေးခွန်းတစ်ခု မေးကြည့်ပါသည်။

"အရှင်ရသေ့ကြီးမှာ နောက်ထပ် အသက်ရှင်နေထိုင်ဖို့ တစ်ရက်သာကျန်တော့မယ်ဆိုရင်၊ အဲဒီနေ့ကို ဘယ်လိုများ အသုံးချမှာလဲခင်ဗျာ"

သူတော်စင်ရသေ့ကြီးက ဖြူဖွေးနေသော သူ၏ မုတ်ဆိတ်များကိုသပ်ရင်း
"အေးကွ၊ မနက်စောစောပိုင်းမှာတော့ ဘုရားရှိခိုးမယ်၊ တရားရှုမှတ်မယ်၊ ပြီးတဲ့အခါတော့ ရေနွေးကြမ်းနည်းနည်းသောက်မယ်၊ ပြီးတော့ ဥယျာဉ်ထဲက ပေါင်းပင်တွေကို သွားနှုတ်မယ်၊ ပြီးတော့ အိမ်နီးချင်းထံသွားပြီး တရားဆွေးနွေးမယ်၊ ပြီးတော့ ခဏလောက်မှေးမယ်၊ ပြီးတော့......"

"ခဏလေးခင်ဗျာ" ဘုရားဖူးက စကားဖြတ်ပြောပါသည်။ "အခု ရသေ့ကြီးပြောနေတာတွေက နေ့စဉ်နေ့တိုင်း လုပ်နေကျအလုပ်တွေပဲ မဟုတ်လားခင်ဗျာ" ဟု မေးပါသည်။

"အေး... ဟုတ်တာပေါ့။ ဘ၀ရဲ့နောက်ဆုံးနေ့က တခြားနေ့တွေနဲ့ ဘာကြောင့်ကွာခြားရမှာလဲ" ဟု ရသေ့ကြီးက တည်ငြိမ်အေးဆေးစွာ ပြောလိုက်ပါသည်။
Paul Wharton

No comments:

Post a Comment