ဖီဖာအနေနဲ့လည်း ဘောလုံးပွဲတွေမှာ နည်းပညာအကူအညီ မလိုအပ်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆိုခဲ့တာတွေ၊ နောက်ဆုံးမှာ ဒိုင်လူကြီး ငါးယောက်ထားတဲ့ နည်းစနစ်တွေကို စမ်းသပ်နေတာတွေကြောင့် အခုအဖြစ်အပျက်ကလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်လာခဲ့ရပါပြီ။
စောစောကပဲ ဂျီတော့ခ်ထဲက မိတ်ဆွေတစ်ယောက်ရဲ့ စတေးတပ်မက်ဆေ့ခ်ျမှာ ထူးထူးဆန်းဆန်း စာသားလေးတွေ ဖတ်လိုက်ရပါတယ်။ သူရေးထားတဲ့ စာသားအားလုံးကို ဖတ်တတ်ပေမယ့် သူပြောချင်တဲ့ အဓိပ္ပါယ်ကိုတော့ နားမလည်မိတာ အမှန်ပါ။ နောက်ဆုံးမှာ လင့်ခ်တစ်ခုလည်း ပေးထားပါသေးတယ်။ အဲဒီလင့်ခ်ကို သွားကြည့်တော့မှ ဓာတ်ပုံဖိုင်တစ်ခု ဖြစ်နေပါတယ်။ အဲဒီလို ဓာတ်ပုံနဲ့စာ တွဲကြည့်လိုက်တဲ့အချိန်ကျမှ သူရေးထားတဲ့စာကို နားလည်ပြီး အားပါးတရ ရယ်လိုက်ရတာ မပြောပါနဲ့တော့ဗျာ။ သူရေးထားတဲ့စာနဲ့ သူညွှန်းထားတဲ့ပုံက အောက်မှာဖော်ပြထားတဲ့ အတိုင်းပါတဲ့ခင်ဗျား။
လိုအပ်နေတာ နည်းပညာ မဟုတ်ဘူး။
စည်းပညာ (စည်းပြင်ညာ) ကွ။
စည်းပညာ (စည်းပြင်ညာ) ကွ။
ဂျီတော့ခ်မှာ တင်ပေးထားတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ကြောင်းပါ။ အားလုံးအတွက် ပြန်လည်ဝေငှပေးခြင်းပါနော်။ ပျော်ရွှင်ကျေနပ်နိုင်ကြပါစေဗျာ
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၈ ရက်၊ တနင်္လာနေ့။
ညနေ ၄ နာရီ ၁၀ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၈ ရက်၊ တနင်္လာနေ့။
ညနေ ၄ နာရီ ၁၀ မိနစ်တွင်ပြီး၏။
No comments:
Post a Comment