Saturday, June 26, 2010

အချစ်ကဗျာ

မင်းအတွက်တော့ အချစ်ဆိုတာ
လေးလုံးစပ်ကဗျာ...။

အလင်္ကာအဟောင်း
စကားလုံးအဟောင်းတွေနဲ့
သုံးကြောင်းလောက်ဖတ်ရင်ပဲ
ရပ်လို့ရပြီပေါ့...။

ငါ့အတွက်တော့
ချစ်ခြင်းဆိုတာ
ပန်းတစ်ပင်ပျိုးခြင်းပါ။

မျိုးစေ့ကအပင်
အပင်ကနေအပွင့်
သံယောဇဉ်တွေကို
နင့်နင့်နဲနဲ ရေလောင်းပေါင်းသင်ခဲ့ရ
ရက်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရ
မျှော်လင့်ချက်တွေကို
မြေသြဇာလို ချကျွေးခဲ့ရ...။

ငါ့အပင်က
ပန်းလေးတစ်ပွင့် ပွင့်လာတဲ့အခါ
အဲဒါ
မင်းအတွက်
ထာဝရကဗျာပေါ့...။

ပျိုးထောင်ခြင်း
စောင့်ဆိုင်းခြင်း
အဆင့်တိုင်းမှာ
ယုယမှုနဲ့ မြတ်နိုးခြင်းတွေပါရဲ့။

*******************************************************************************************
နေနော်ရဲ့ ချစ်သူကောက်ကြောင်း ၀တ္ထုထဲကပါ။ ကဗျာခေါင်းစဉ်တွေဘာတွေ မတပ်ထားတဲ့အတွက် အချစ်ကဗျာလို့ ကျွန်တော့်ဘာသာ တပ်ပေးလိုက်တာပါ။

No comments:

Post a Comment