- အာရှအသင်းတွေဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်အသင်းတို့ ထိုက်ထိုက်တန်တန် ခြေစွမ်းပြပြီး အုပ်စုအဆင့်ကနေ လွန်မြောက်လို့ ရှုံးထွက်အဆင့်ကို တက်ရောက်လာခဲ့တာ၊
- ၂၀၀၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲရောက် အသင်းနှစ်သင်းဖြစ်တဲ့ အီတလီနဲ့ ပြင်သစ်တို့ အုပ်စုအဆင့်အနေ အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး လှည့်ပြန်သွားရတာ၊
- ဒီနှစ်ကျမှ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ စလိုဗက်ကီးယားအသင်းက လက်ရှိချန်ပီယံ အီတလီအသင်းကို ကျော်ဖြတ်ပြီး ရှုံးထွက်အဆင့် တက်ရောက်ခဲ့တာ၊
- အာဖရိကမြေပေါ်မှာ ကျင်းပပြုလုပ်တာ ဖြစ်တဲ့အတွက် အာဖရိကအသင်းတွေ အခြေအနေကောင်းနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အာဖရိကရဲ့ ဂါနာတစ်သင်းပဲ အုပ်စုအဆင့်ကို ကျော်လွှားနိုင်ခဲ့တာ၊
- ဗိုလ်စွဲမယ်လို့ ရေပန်းစားခဲ့တဲ့ နာမည်ကြီး အင်္ဂလန်နဲ့ စပိန်အသင်းတို့ ရုန်းကန်ခဲ့ရပြီး အုပ်စုနောက်ဆုံးပွဲစဉ်ကျမှ ကံကောင်းထောက်မစွာ အနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာ၊
- တောင်အမေရိကတိုက်က ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ ဘရာဇီးလ်၊ အာဂျင်တီးနား၊ ပါရာဂွေး၊ ဥရုဂွေး၊ ချီလီ စတဲ့ အသင်းငါးသင်းစလုံး အုပ်စုအဆင့်ကနေ ကျော်ဖြတ်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ သမိုင်းမှတ်တမ်း ရေထိုးနိုင်ခဲ့တာ၊
- ဂိုးသွင်းဘုရင်ဖြစ်မယ်လို့ ထင်ကြေးပေးခံထားရတဲ့ ရွန်းနီ (အင်္ဂလန်)၊ တောရက်စ် (စပိန်)၊ မက်ဆီ (အာဂျင်တီးနား)၊ စီရော်နယ်လ်ဒို (ပေါ်တူဂီ) တို့ အုပ်စုအဆင့် ပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်ခြင်း မရှိဘဲ ဂိုးရဖို့အတွက် ခက်ခဲခဲ့ကြတာ (စီရော်နယ်လ်ဒိုက တစ်ဂိုးသွင်းထားသည်)၊
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်၊ စနေနေ့။
ညနေ ၄ နာရီ ၂၀ မိနစ်တွင်ပြီး၏။
No comments:
Post a Comment