တိုင်းပြည်ဝင်းလက်၊ စီးပွားတက်က
"အောင်နက်" "ဂုတ်ကျား"၊ ထိုသူများလည်း
စားစရာပေါလှ၊ ၀မ်းဝကြ။
တိုင်းပြည်ခေတ်ပျက်၊ ၀မ်းရေးခက်သော်
"အောင်နက်" "ဂုတ်ကျား"၊ ထိုသူများလည်း
အစားငတ်ကြ၊ ၀မ်းမ၀။
ထို့ကြောင့်ချင့်တွေး၊ နိုင်ငံရေးကား
ခွေးများနှင့်ပင် ဆိုင်ကြောင်းကို။
No comments:
Post a Comment