စိတ်ရောဂါကုပညာရှင် မာတင် ပတ်ခ်ျက-
လူတွေမှာ အဲသလို စိတ်ခွန်အား ကင်းမဲ့သလို ဖြစ်နေကြတာဟာ ကိုယ့်ကိုယ်ကိုယ် မြတ်နိုးစိတ် မပေါ်ကြလို့ပါ။ ဒါက ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်စွမ်းရှိမှ ဖြစ်တာပါ။ စိတ်အပညာအရ အကောင်းအဆိုး အားလုံးမှာ ဒါက အရေးပါနေပါတယ်။ ဘ၀မှာ အကြီးမားဆုံး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ အားလုံးအတွက် အဖြေက ရှင်းရှင်းလေးပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ ဆိုတာပါပဲ။ ဒါပေမယ့် အကောင်အထည် ပေါ်ဖို့ကတော့ အားထုတ်ရပါတယ်။ အခြေခံကျကျ ပြောရရင်တော့ စိတ်ဓာတ်ကြံ့ခိုင်မှုရှိမှ ပြီးမြောက်နိုင်မှာပါ။ အမှန်ကို အမှန်အတိုင်း ပြောရဲတဲ့ သတ္တိရှိရတယ်။ ကိုယ်ယုံကြည်တဲ့အတိုင်း နေနိုင်ရတယ်။ ကိုယ့်စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ စွန့်စားရဲရတယ်။ ကိုယ့်ဆီမှာရော ဒီပြင်လူတွေဆီမှာပါ အကောင်းကို မြင်တတ်ကြည့်တတ် လက်ခံတတ်ရပါမယ်။
မိမိကိုယ်မိမိ ယုံကြည်မှု လျော့နည်းကြသူတွေဟာ သူတို့ရဲ့ ချစ်ခင်ပေါင်းသင်းမှု ဘယ်လောက်ပဲ အဆင်ပြေပြေ၊ သူတို့မှာ မိတ်ဆွေသူငယ်ချင်း ဘယ်လောက်ပဲရှိရှိ တခြားသူတွေက သူတို့အပေါ်မှာ အကောင်းမြင်စိတ် သိပ်မရှိကြဘူးလို့ ထင်စားကြပါတယ်။
No comments:
Post a Comment