Friday, September 03, 2010

ဓမ္မပဒဂါထာ (၆၀)

ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အ၀ိဇာနတံ။

သံသရာရှည်တာ တရားမသိလို့
အိပ်မပျော်ဘဲ
နိုးနေတဲ့သူအတွက်
တစ်ညဥ့်တာကာလဟာ
မိုးမလင်းနိုင်တော့လောက်အောင်
ရှည်လျားလွန်းလှပါတယ်။
ခရီးပင်ပန်းလို့
နွမ်းလျနေတဲ့သူအတွက်
တစ်ယူဇနာခရီးဟာ
ဆက်မသွားချင်တော့လောက်အောင်
ရှည်လျားလွန်းလှပါတယ်။
သူတော်ကောင်းတရားကို
မသိမမြင်တဲ့
လူမိုက်တွေအတွက်
အစမထင် သံသရာကြီးကလည်း
အဆုံးမမြင်နိုင်တော့လောက်အောင်
ရှည်လျားလွန်းလှပါတယ်။

No comments:

Post a Comment