- ထကြွရှိမှ၊ လိုတာရ၊ လုံ့လမလျော့နှင့်။
- လုံ့လနှင့်ကံ၊ ကျိုးပေးသန်၊ အကြံမပေါ့နှင့်။
- နှေးသင့်လျော်သင့်၊ ဉာဏ်နှင့်ချင့်၊ မဖင့်မသော့နှင့်။။
- ဆိုခွင့်ရောက်မှ၊ ဆိုကုန်ကြ၊ နှုတ်ရမဆော့နှင့်။
- မိတ်ဆွေပေါ်မှာ၊ ဖြောင့်မှန်စွာ၊ သစ္စာမဖောက်နှင့်။
- မိဘဆရာ၊ ညာတကာ၊ မေတ္တာမမဲ့နှင့်။
- ဥစ္စာကိုရှာ၊ လုံ့လပါ၊ မ၀ါမကြွားနှင့်။
- ပညာထိုးထွင်း၊ တတ်လိုလျှင်၊ မပျင်းမရိနှင့်။
- ချစ်လွယ်မုန်းလွယ်၊ ပြုသူဝယ်၊ တကယ်မပေါင်းနှင့်။
- ဆုံးမစကား၊ စိတ်ဝယ်ထား၊ ကြိုးစားကျင့်ကြံကွဲ့။
No comments:
Post a Comment