စရေဥၥ နာဓိဂေစၧယ်၊ သေယျံ သဒိသမတ္တနော။
ဧကစရိယံ ဒဠံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။
မိတ်ကောင်းမတွေ့ရင် တစ်ယောက်တည်းနေ
မိတ်ကောင်းဆွေကောင်းပေါင်းချင်လို့
ရှာဖွေနေတဲ့ပုဂ္ဂိုလ်ဟာ
ကိုယ်ကျင့်ဖြောင့်မတ်မှုဂုဏ်
စိတ်ဓာတ်မြင့်မားမှုဂုဏ်နဲ့
အသိဉာဏ်ကြီးကျယ်မှုဂုဏ်အရာမှာ
ကိုယ့်ထက်သာလွန်တဲ့သူ
ဒါမှမဟုတ်
ကိုယ်နဲ့ တန်းတူတဲ့သူကို
ဘယ်လိုမှ မရနိုင်ဘူးဆိုရင်
အဖော်မတွဲ တစ်ယောက်တည်း
နေထိုင်ကျင့်သုံးခြင်းကိုပဲ
ခိုင်ခိုင်မြဲမြဲ
ပြုလုပ်သင့်ပါတယ်။
ဘာလို့လဲဆိုတော့
ကိုယ့်ထက်နိမ့်ကျတဲ့
လူမိုက်ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ
မိတ်ကောင်းဆွေကောင်းရဲ့
ဂုဏ်အင်္ဂါလက္ခဏာတွေ
လုံးဝ မရှိနိုင်လို့ပါပဲ။
No comments:
Post a Comment