Saturday, September 04, 2010

လူတို့ကျင့်ရာ မြတ်ဓမ္မတာ

touseforhuman.png
ခပ်သိမ်းများလှ၊ ရှိဓနတွင်၊
ပညာဧ၀၊ ဓနဘုရင်။
ယူ၍မခန်း၊ သုံးမခန်းပင်၊
တန်းဘိုးမှတ်၊ မပြတ်အပ်သည်ပင်။

အမွေခွဲ၍၊ ယူလေ့မလာ၊
သူခိုးမိုက်တို့၊ ခိုးဖို့ဝေးစွာ။
သင်ကြားပေးကမ်း၊ ရေစမ်းပမာ၊
ပညာမြတ်၊ သင်အပ်ကြသည်သာ။

အရွယ်ရုပ်ဆင်း၊ ပြည့်တင်းကြေးငွေ၊
အမျိုးကြီး၌၊ ဖြစ်ကြိုက်ပစေ။
ပညာလင့်က၊ မတင့်သရေ၊
ပေါက်ပွင့်ဆန်း၊ ပန်းနှင့်တူလှပေ။

သူတော်မဟုတ်၊ သူယုတ်ပယ်ခွာ၊
သူတော်ကောင်းနှင့်၊ ပေါင်းကြကုန်ပါ။
သူယုတ်ငရဲ၊ ခေါ်ဆွဲသည်သာ၊
သူတော်ကောင်း၊ ရောက်ကြောင်းထက်နတ်ရွာ။

ရောဂါကင်းရှင်း၊ စောင့်ခြင်းသီလာ၊
ပညာရှိတို့၊ ဆုံးမလိုက်နာ။
သုတရှာဘိ၊ ဒုစ္စရိခွာ၊
မပျင်းရိ၊ မှတ်သိအင်ခြောက်ဖြာ။

အင်္ဂါခြောက်ဝ၊ ပြည့်ကြသူမှာ၊
လောကီလောကုတ်၊ မဆုတ်ယုတ်ပါ။
ကြီးပွားလမ်းဟု၊ ခွဲခြမ်းပြကာ
မြတ်ဘုရား၊ ဟောကြားဒေသနာ။

ကိစ္စဟူက၊ လုံးဝဥဿုံ၊
ကိုယ်တိုင်ထကြွ၊ ပြုမှပြည့်စုံ။
သူများအားကိုး၊ ကိုယ်ကျိုးယုတ်ပုံ၊
ဉာဏ်ဖြင့်ကြည့်၊ များ၏ဤလူ့ဘုံ။

ထကြွသိမ်းဆည်း၊ သုံးစွဲချွေတာ၊
မိတ်ဆွေကောင်းနှင့်၊ ပေါင်းသင်းကြပါ။
အင်္ဂါလေးပါး၊ ပြည့်ငြားသူမှာ၊
ဤဘ၀မုချ ချမ်းသာရာ။

No comments:

Post a Comment