န တံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။
ယဿ အဿုမုခေါ ရောဒံ၊ ၀ိပါကံ ပဋိသေ၀တိ။
ပူရာပူကြောင်း မလုပ်နဲ့
အလုပ်တစ်ခုကို
လုပ်လိုက်လို့
လုပ်ပြီးတဲ့နောက်ပိုင်းမှာ
သတိရတိုင်း သတိရတိုင်း
နောင်တ တရားတွေနဲ့
ပူလောင်ပင်ပန်းရတယ်ဆိုရင်
အဲဒီအလုပ်မျိုးကို
လုံးဝ မလုပ်တာပဲ
ကောင်းပါတယ်။
အလုပ်တစ်ခုရဲ့
အကျိုးတရားကို
မျက်ရည်ရွှဲမျက်နှာနဲ့
ငိုငိုကြွေးကြွေး
ဆွေးဆွေးလျလျ
ဆင်းရဲစွာ ခံစားရတယ်ဆိုရင်
အဲဒီအလုပ်မျိုးဟာ
လုံးဝ မလုပ်သင့်တဲ့
အလုပ်ပါပဲ။
No comments:
Post a Comment