Thursday, September 16, 2010

ဓမ္မပဒဂါထာ (၇၀)

မာသေ မာသေ ကုသဂ္ဂေန၊ ဗာလော ဘုဉ္ဇေယျ ဘောဇနံ။
န သော သင်္ခါတဓမ္မာနံ၊ ကလံ အဂ္ဃတိ သောဠသိံ။

ခြိုးခြံတိုင်း အကျိုးမှန်မထွက်
အကျင့်မှန်ကို မသိတဲ့ လူမိုက်ပုဂ္ဂိုလ်တစ်ယောက်က
ခြိုးခြံစွာကျင့်တဲ့အနေနဲ့
လစဉ်လတိုင်း
သမန်းမြက်ဖျားနဲ့ပဲ အစာစားတဲ့အကျင့်ကို
အနှစ်တစ်ရာပတ်လုံး ကျင့်တယ် ဆိုကြပါစို့....
အဲဒီလူမိုက်ပုဂ္ဂိုလ်ရဲ့
အဲဒီအနှစ်တစ်ရာ အကျင့်အကျိုးဟာ
တရားသိပြီးပုဂ္ဂိုလ်တွေရဲ့
အချိန်ကာလ ပိုင်းခြား၊ အစာမျိုးမည် ပိုင်းခြားပြီး
တစ်ကြိမ်တစ်ခါလေး အစာမစားတဲ့ အကျင့်အကျိုးရဲ့
နှစ်ရာငါးဆယ့်ခြောက်စိတ် တစ်စိတ်တောင်မှ မမီပါဘူး။

No comments:

Post a Comment