န ဘဇေ ပါပကေ မိတ္တေ၊ န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊ ဘဇေထ ပုရသုတ္တမေ။
မိတ်ကောင်းကိုသာ ပေါင်းသင်းပါ
မကောင်းမှု အကုသိုလ်နဲ့ပဲ
မွေ့လျော်ပျော်ပိုက်တဲ့
မိတ်ဆွေဖျင်း မိတ်ဆွေညံ့တွေထံ
လုံးဝ မချဉ်းကပ်ပါနဲ့။
မလုပ်သင့်တာတွေလုပ်ဖို့
အတင်းတိုက်တွန်းတတ်တဲ့
မိတ်ဆွေဆိုး မိတ်ဆွေယုတ်တွေကို
လုံးဝ မပေါင်းသင်းပါနဲ့။
ကောင်းမှုကုသိုလ်နဲ့ပဲ
မွေ့လျော်ပျော်ပိုက်တဲ့
မိတ်ဆွေကောင်း မိတ်ဆွေမွန်တွေထံ
အမြဲမပြတ် ချဉ်းကပ်ပါ။
လုပ်သင့်တာတွေလုပ်ဖို့
အတင်းတိုက်တွန်းတတ်တဲ့
မိတ်ဆွေထူး မိတ်ဆွေမြတ်တွေကို
မခွဲမခွာ ပေါင်းသင်းပါ။
No comments:
Post a Comment