သဟဿမပိ စေ ဂါထာ၊ အနတ္ထပဒသံဟိတာ။
ဧကံ ဂါထာပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။
တစ်ပုဒ်ဆိုတစ်ပုဒ် ငြိမ်းအေးပါစေ
အကျိုးမရှိတဲ့
စကားလုံးတွေနဲ့
ဖွဲ့စည်းတည်ဆောက်ထားတဲ့
ဂါထာပုဒ်တွေ
အပုဒ်ပေါင်းတစ်ထောင်
ရှိနေပါစေ...
လုံးဝ မမြတ်ပါဘူး။
ကြားလိုက်ရတာနဲ့
စိတ်ထဲမှာ
ကိလေသာငြိမ်းအေးသွားစေတဲ့ ဂါထာမျိုး၊
အကျိုးရှိတဲ့ ဂါထာမျိုးကတော့
တစ်ပုဒ်တည်းဖြစ်ပါစေ...
မြင့်မြတ်လှပါတယ်။
No comments:
Post a Comment