Thursday, October 21, 2010

ဓမ္မပဒဂါထာ (၁၀၉)

အဘိဝါဒနသီလိဿ၊ နိစ္စံ ၀ုဍ္ဎပစာယိနော။
စတ္တာရော ဓမ္မာ ၀ဍ္ဎန္တိ၊ အာယု ၀ဏ္ဏော သုခံ ဗလံ။

ရှိခိုးလေကောင်းလေ ရိုသေလေမြတ်လေ
ရှိခိုးသင့် ရှိခိုးထိုက်သူတွေကို
အမြဲမပြတ်
ရှိခိုးတဲ့သူ၊
ကိုယ့်ထက် အသက်ကြီးသူ
ကိုယ့်ထက် သိက္ခာဝါများသူ
ကိုယ့်ထက် ဂုဏ်ရှိန်မြင့်မားသူတွေကို
အမြဲမပြတ်
ရိုသေလေးစားမှုပြုတဲ့သူမှာ
အကျိုးတရားလေးမျိုး
ပွားတိုးပြည့်စုံနိုင်ပါတယ်။
အဲဒီအကျိုးတရားတွေကတော့
အသက်ရှည်ခြင်း
အဆင်းလှခြင်း
ချမ်းသာကြီးခြင်းနဲ့
ခွန်အားကြီးခြင်းတို့ပါပဲ။

No comments:

Post a Comment