၁။ နို့ကို ရွှေခွက်နှင့်ထည့်၍ သောက်မက်သော် လာဘ်ကြီးကောင်းစွာ ရရာ၏။
၂။ မြစ်ရေကို သောက်မက်သော် သူတကာတို့ထက် ကျော်စော ထင်ရှားရာ၏။
၃။ နွားနို့ သောက်မက်သော် ဥစ္စာများအံ့။ (သူတကာတို့အပေါ်၌ မိမိက ကျေးဇူးပြုရရာ၏လည်းဟူ)
၎။ သမုဒ္ဒရာရေ သောက်မက်သော် အလွန်ကောင်းစွ။
၅။ ပျားရည် သောက်မက်သော် ကြံသမျှပြီး၍ လာဘ်ကြီးရရာ၏။
၆။ နှမ်းဆီ သောက်မက်သော် ကြောင့်ကြစိုးရိမ်ခြင်း ပျောက်ကင်းရာ၏။
၇။ ရေ သောက်မက်သော် မင်းအရာရှိဖြစ်ရာ၏။
၈။ နို့ဟူသမျှ သောက်မက်သော် မင်းအရာရှိဖြစ်ရာ၏။
၉။ သေအရက် သောက်မက်သော် စိုးရိမ်ကြောင့်ကြများရာ၏။ (လာဘ်ကြီးရရာ၏လည်းဟူ)။
No comments:
Post a Comment