Tuesday, October 12, 2010

လူဝတ်ကြောင်တို့အတွက် နံနက်ခင်းသြ၀ါဒများ - မဟာဂန္ဓာရုံဆရာတော်

တစ်ဆင့်တစ်ဆင့် မြင့်အောင်ကျင့်
လူတော်လူကောင်းတွေ ဖြစ်လာအောင် အဆင့်အတန်းတွေ မြင့်လာအောင် လေ့ကျင့်ယူကြရပါတယ်။ တစ်ခါတည်း ကောင်းပြီးသား လာတာကတော့ နည်းပါလိမ့်မယ်။ ပါရမီရှင်များမှ ဖြစ်နိုင်မှာပါ။ ဒါကြောင့် အဆင့်မြင့်အောင် ကျင့်ယူကြပါလို့ ဘုန်းကြီးက ပြောချင်တယ်။ ဒါကို ၀န်မလေးကြပါနဲ့။ ဘုရားလောင်းတို့လည်း ဒီလိုပဲ တစ်ဆင့်တစ်ဆင့် မြင့်အောင် ကျင့်ယူကြရတာပဲ။

ထုံးစံမရှိဘူး
လူတစ်ယောက်မှာ အဘက်ဘက်က ပြည့်စုံပြီးသား ပါဖို့ဆိုတာ မလွယ်ဘူး။ ဒီတော့ ပြုပြင်ပေးကြ၊ ဖြည့်စွက်ပေးကြ၊ ဒီလို သိတတ်တဲ့ဘ၀က ပြုပြင်ဖြည့်စွက်ပေးမှလည်း တဖြည်းဖြည်း တက်လာမှာပေါ့။ မပြုပြင်ဘဲ နေလို့ရှိရင် ပြန်ကျသွားမှာပေါ့။ အလိုလို တက်လာရိုးထုံးစံ မရှိဘူး။

လဲလှယ်သွင်းရမယ်
"ပြုပြင်တယ်" ဆိုတာ အစစအရာရာ ပြုပြင်ကြရမှာ၊ အများအားဖြင့် ရုပ်ကိုသာ ပြုပြင်တတ်ကြတယ်။ စိတ်ကိုလည်း ပြုပြင်ပေးကြရမှာပဲ။ နိမ့်ကျနေတဲ့စိတ်၊ သိမ်ငယ်နေတဲ့စိတ်တွေကို မြင့်လာအောင်၊ ခံ့ညားလာအောင် ပြုပြင်ပေးကြရမယ်။ မနာလို ၀န်တိုဆိုတဲ့ ဣသာမိစ္ဆရိယစိတ်တွေ၊ လောဘ ဒေါသ မာန်မာနဆိုတဲ့ စိတ်တွေဟာ အောက်တန်းကျတဲ့စိတ်တွေပဲ။ အောက်တန်းစားတွေရဲ့ သန္တာန်မှာ ဖြစ်တတ်ကြတာပဲ။ ဒါတွေကို ဖယ်ရှားပစ်၊ ကောင်းတဲ့စိတ်တွေ လဲလှယ်သွင်းရမယ်။

No comments:

Post a Comment