Public Goods များတွင် အထက်တွင် ဖော်ပြခဲ့သည့် Law and Order ကိစ္စမှာ အရေးအကြီးဆုံးဖြစ်၍ နိုင်ငံတကာ အစိုးရအသီးသီးက ပထမဦးစားပေးအဖြစ် တည်ဆောက်ရသော ကိစ္စလည်း ဖြစ်ပေသည်။ အာဖဂန်နစ္စတန်နှင့် အီရတ်နိုင်ငံများတွင် Law and Order ကို မတည်ဆောက်နိုင်ခြင်းကြောင့် နိုင်ငံတည်ဆောက်ရေးမှာ ဖြစ်နိုင်ခြေ နည်းနေသည်ကို တွေ့ရပေသည်။
သို့ရာတွင် Law and Order ကို နိုင်ငံအသီးသီးက ကြိုးပမ်းကြရာတွင် နည်းလမ်းအမျိုးမျိုးကို သုံးစွဲကြသည်ကို တွေ့ရပါသည်။ အီရတ်နိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကိုကြည့်လျှင် အမေရိကန်တို့သည် Law and Order ကို စစ်ရေးနည်းလမ်းဖြင့် ဆောင်ကြဉ်းရန် ကြိုးစားနေသည်ကို တွေ့နိုင်ပါသည်။
အမှန်အားဖြင့် ရေရှည်သဘောကိုဆောင်ပြီး အကောင်းဆုံးလည်းဖြစ်သော နည်းလမ်းမှာ နိုင်ငံသားများကို နိုင်ငံတည်ဆောက်ရေးတွင် စနစ်တကျ ပါဝင်နိုင်မည့် စွမ်းဆောင်ရည်များ တည်ဆောက်ပေးပြီး အဆိုပါ အရပ်ဘက် လူ့အဖွဲ့အစည်းကို နိုင်ငံတည်ဆောက်ရေးတွင် ပါဝင်ခွင့်ပေးသည့် နည်းလမ်းပင်ဖြစ်သည်။ နိုင်ငံသားများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း မပြုနိုင်လျှင် အဖြူးအမည်း နှစ်မျိုးသာသိသည့် နိုင်ငံသားများ မွေးထုတ်ပေးသည့်သဘော ဖြစ်သွားပြီး အစွန်းရောက်သည့် အပြုအမူများကို လှုံ့ဆော်လုပ်ကိုင်သူများ ဖြစ်သွားတတ်ပါသည်။ ဤကိစ္စကို စစ်ရေးနည်းဖြင့် ဖြေရှင်းလျှင် အီရတ်၊ အာဖဂန်နစ္စတန်တို့ကဲ့သို့ မဆုံးနိုင်သော ပဋိပက္ခများနှင့် ကြုံတွေ့ရနိုင်ပါသည်။
တစ်နည်းအားဖြင့်ပြောရလျှင် လုံခြုံရေးကို လုံခြုံရေးတင်းကျပ်သည့် နည်းလမ်းဖြင့် ဆောင်ကြဉ်းခြင်းသည် ရေတိုအတွက် သင့်တော်သော်လည်း ရေရှည်အတွက် ဈေးကြီးလွန်းသည်ကို ပြောလိုခြင်း ဖြစ်ပါသည်။ (Transaction Cost)
(၂၉-၅-၂၀၀၉)
No comments:
Post a Comment