ရှင်မဟာသီလ၀ံသ၏ ကိုယ့်ကျင့်လမ်းညွှန်
သုံးဆူရတနာ၊ မာတာပိတ၊ ဆရာစသား၊ အရှင်များကို၊ ပြစ်မှားမဆို၊ ရိုသေကြစေ။ ရိုင်းစိုင်းနီးကပ်၊ မကိုင်းညွတ်ဘဲ၊ မတ်တတ်တိုး၍ မသွားနှင့်။ မိဦးဖဦး၊ ဆရာဦးကို၊ ဦး၍အလျင် မစားနှင့်။ လိုချင်သောအား၊ စားချင်ငြားက၊ ၀ပ်တွားခယ၊ တောင်းပါကြ။
ဟိနနတ္တ၊ မဆဲကြနှင့်။ ကြီးကငယ်သည်၊ နင်ဟယ်ကိုမျှ၊ မဆိုကြနှင့်။ ရန်စချုပ်ချည်၊ ရှောင်လွှဲဖည်၍၊ သတ်မည်ကိုထား၊ လက်ဖျားနှင့်မျှ၊ မတို့ကြနှင့်၊ ချင်ခင်ရိုသေ၊ အချင်းချင်းကို၊ သင့်တတ်စေဟု၊ မအေဖရင်း၊ တစ်ဝမ်းတွင်းသို့၊ သားရင်းတူကွ မှတ်ကုန်ကြ။
သူတော်သူကောင်း၊ ကျင့်ရိုးဟောင်းတွင်၊ လမ်းကြောင်းကျယ်စွာ၊ ရှိလျက်သာကို၊ မနာမလိုက်၊ ဒုစရိုက်နှင့်၊ လေ၌မီးဆိုး၊ ပမာမျိုးသို့၊ အကျိုးမရှိ၊ လောကီချမ်းသာ၊ ဥစ္စာခင်မင်၊ ပျော်ရွှင်သောက်စား၊ မှားကြီးမှားလျက်၊ တရားလက်လွတ်၊ ငှက်တောင်ကျွတ်လျှင်။

No comments:
Post a Comment