Thursday, September 20, 2007

မဟာဗန္ဓုလ ၏ နောက်ဆုံး မိန့်ခွန်း


ငါတို့မှာ အကြောင်းမညီညွတ်သဖြင့် အရေးတို့သည် ပျက်ယောင်တကား။ သို့ပင်ဖြစ်စေကာမူ ငါတို့သည် သတ္တိကိုလည်းကောင်း၊ ၀ီရိယကိုလည်းကောင်း မလျှော့အပ်ချေ။ ဤမြန်မာပြည်ဖွား လူအများတို့၏ ဂုဏ်သတင်းကို ကမ္ဘာချဉ်းအောင် ငါသည် ထင်လင်းစေအံ့။ ထိုမှ တစ်ပါးလည်း မြန်မာပြည်ဖွား စစ်သူကြီးသည် သေသင့်သည့်နေရာ၌ မတွန့်မတို သေ၀ံ့ကြောင်းကို ငါသည် ထင်ရှားစေအံ့။ တစ်ကြောင်းလည်း စစ်သူကြီးရှိလျက် အရေးပျက်သော် ရာဇ၀င် ညှိုးရသည်။ စစ်သူကြီး ကျဆုံး၍ အရေးပျက်သော်ကား တိုင်းပြည်ကို လည်းကောင်း၊ အသင်စစ်သားတို့အား လည်းကောင်း အပြစ်ဆိုကြလိမ့်မည်မဟုတ်။ အပြစ်ဆိုဖွယ်ရာလည်း မရှိချေ။ ထို့ကြောင့်လျှင် ငါသို့သော စစ်သူကြီးသည် မြန်မာပြည်၏ ဂုဏ်ကို စစ်စစ် ကယ်ဆယ်ခဲ့ပေအံ့။ ထပ်၍လည်း အမွှန်းတင်ခဲ့အံ့။ အို... သူရဲကောင်းတို့...။ ယခု ငါစွန့်စားဝံ့သကဲ့သို့ အသင်တို့နှင့်တကွ နောင်လာ နောက်သားတို့သည် ရဲရင့်တည်ကြည်စွာနှင့် အရေးအရာရှိက မတွန့်မတို စွန့်စားကြရန် ငါလည်း လက်ငင်း ပုံစံအမှန် ပြခဲ့ပေတော့အံ့။ လိုက်နာကြပါကုန်လော့။

စစ်သူကြီး မဟာဗန္ဓုလ

၁၈၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့။

No comments:

Post a Comment

 
Web Statistics